ယင်းမာပင်    ဩဂုတ်  ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များကျရောက် လာပါက လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့လေ့ကျင့်မှုများပြုလုပ်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ယင်းမာပင်မြို့နယ်အတွင်း မီးဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ဆောင်ရွက်နိုင်ရန် လေ့ကျင့်ခြင်း၊ မုန်တိုင်းကြောင့် မိုကြီးပြီး သစ်ပင်များကျိုးခြင်း၊ နေအိမ်များ အမိုးလန်ခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ပြည်သူများအား ဘေးကင်းရာနေရာများသို့ အချိန်နှင့်တပြေးညီ ပြောင်းရွှေ့ဆောင်ရွက်ပေးနိုင်ရန် လေ့ကျင့်ခြင်း၊ အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရေးများ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း (၃၅) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ထားကြောင်း သိရသည်။

စိုးမိုး(ယင်းမာပင်)