ဩဂုတ် ၂၂

၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၈:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းနှင့် စိုးရိမ်ရေမှတ်တည်ရှိနေမှု အခြေအနေတို့ကို အောက်ပါအတိုင်း လေးစားစွာ ပေးပို့အပ်ပါသည် -

          (က) ယနေ မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေ၀က်ခန့် ကျော်လွန်ရောက်ရှိနေ ပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

          (ခ) သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန