လန်ဒန် ဩဂုတ် ၂၃
ယခုနှစ်အတွင်း လန်ဒန်တွင် ကျင်းပခဲ့သည့် ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို လာရောက်ကြည့်ရှုရင်း ကိုဗစ်-၁၉ ကူးစက်ခံရသူဘောလုံး ပရိသတ်အရေအတွက်မှာ ၆၄၀၀ နီးပါးရှိသည်ဟု ဗြိတိန်အစိုးရ စစ်တမ်းတစ်ခုအရ သိရသည်။ ဩဂုတ် ၂၀ ရက်တွင် ဗြိတိန်အစိုးရက စစ်တမ်းကောက် ယူထားမှုရလဒ်ကို ထုတ်ပြန်ခဲ့ပြီးပွဲများ ပြန်စခွင့်မပြုမီ ဗိုင်းရပ်စ်ကူးစက်မှု၏ သက်ရောက်မှုကို စူးစမ်းလေ့လာခဲ့ခြင်းဖြစ်သည်။
အချို့သောပွဲများတွင် ပွဲကြည့်ပရိသတ် အရေအတွက် အများအပြားကို ခွင့်ပြုပေးလိုက်ပြီး ရောဂါကူးစက်မှု မည်မျှရှိသည်ကို စောင့်ကြည့်ခဲ့ကြသည်။ ယူရို ၂၀၂၀ နောက်ဆုံးပွဲစဉ်ကို ပွဲကြည့်ပရိသတ် ၃၅၀၀၀၀ လာရောက်ကြည့်ရှုခဲ့ကြပြီး ဇွန်လနှင့်ဇူလိုင်လအတွင်း လန်ဒန်တွင် အခြားသော ပြိုင်ပွဲခုနစ်ခုလည်း ကျင်းပခွင့်ပြုခဲ့သည်။
ပွဲအတွင်းသို့မဝင်မီ ပရိသတ်များအနေဖြင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း ၎င်းတို့၏ ဆေးစစ်ချက် လက်မှတ်ကို ပြသရန်လိုအပ်သည်။ ပရိသတ်များကြား ကိုဗစ်၁၉ကူးစက်မှု ၆၄၀၀ ခန့်ရှိသည် ဟု လေ့လာမှုအရ သိရသည်။ ဗိုလ်လုပွဲနှင့် အကြိုဗိုလ်လုပွဲစဉ်များတွင် ကူးစက်မှုများပြားခဲ့သည်။ အဆိုပါ ကာလအတွင်း ဗြိတိန်တစ်လွှား နောက်ထပ်ကူးစက်မှုများ များပြားနေခဲ့သည်။
အရက်ဆိုင်များနှင့် အခြားသောလူစုလူဝေးရှိရာ နေရာများတွင် ဘောလုံးပွဲကြည့်သည့် ပရိသတ်များကြောင့်လည်း ကူးစက်မှု ပိုမိုများပြားခဲ့ရသည်ဟု သုတေသီများကပြောသည်။ ယခုရရှိထားသည့် အချက်အလက်များအရ လူစုလူဝေးပွဲများတွင် ဗိုင်းရပ်စ် လျင်လျင်မြန်မြန် ကူးစက်သည်ကို တွေ့ရသည်ဟု သုတေသီများက ပြောသည်။ လူစုလူဝေးနေရာများသို့သွားလျှင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ကြရန်လည်း တောင်းဆိုထားသည်။
အင်န်အိတ်ချ်ကေ