မနီလာ ဩဂုတ် ၂၃
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သောတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၀၄၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၈၃၉၆၃၅ ဦး ရှိလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၂၁၅ ဦး ထပ်မံသေဆုံးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ပေါင်း ၃၁၈၁၀ ရှိပြီဖြစ်သည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၃၉၅၂ ဦးကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့သည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၆၈၁၉၂၅ ဦး ရှိလာပြီဖြစ်သည်။
သြဂုတ် ၂၀ ရက်တွင် နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၂၃၁ ဦး စံချိန်တင်တွေ့ရှိခဲ့သည်။ လူဦးရေ သန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ၁၇ သန်းနီးပါး ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်