ဖြူး ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ရောဂါကူးစက်ဖြစ်ပွားနေမှုကို လျော့နည်း စေကာ ရောဂါကွင်းဆက် ပြတ်တောက် နိုင်စေရေးနှင့်မိဘပြည်သူများအားပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်(၂၃)ရက်၊ နံနက်အစော ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများတွင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ထားသည့်ရောဂါကာကွယ်ရေးဆိုင်ရာထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်းMaskများစနစ်တကျတပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အညီဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းမျာကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ချက်များကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ နေ့စဉ်တိုးနေလျှက်ရှိပြီး ယနေ့ထိ(၁၁၄၂)ဦး၊ သေဆုံးသူ(၇၀)အထိရှိနေကာ လက်ရှိအခြေအနေအရ ဆေးကုသရေးCenterများတွင်(၅၂)ဦး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသူ(၁၀၂၀)ဦးရှိနေကြောင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နေမျိုးလွင်(ဖြူးပြန်/ဆက်)


