mdn

 

ကျောက်ဆည်၊ ဩဂုတ်  ၂၃

 

 

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇူလိုင် (၁)ရက်နေ့မှ ဩဂုတ်လ(၂၃)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါသက်သာ၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား (၂၉၀)ဦး၊ အမျိုးသမီး(၂၀၃)ဦး၊ စုစုပေါင်း(၄၉၃)ဦးရှိကြောင်း ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်မှုကော်မတီမှ သိရှိရသည်။

 

 

ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊  ကိုဗစ်-၁၉ ရောဂါသံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများအား သီရိသာသနာ့ဗိမာန်တော်ဓမ္မာရုံတွင် ကိုဗစ်-၁၉ရောဂါရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူ အမျိုးသား များအား သီရိသာသနာ့ ဗိမာန်တော်ဆွမ်းစားဆောင် Positive Centre နှင့် အမျိုးသမီးများအား မြင်စိုင်ခန်းမ Positive Centre တွင် သီးသန့်ထားရှိ၍ နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်းနှင့် ရောဂါ ပြင်းထန်ပြီး သွေးအတွင်းအောက်ဆီဂျင်လိုအပ်သူများအား ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျဆေးဝါးကုသမှု ပေးလျက်ရှိကြောင်းသိရှိရသည်။

 

ကျောက်ဆည်ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ်လ(၂၃)ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးဝါးကုသမှုခံယူနေသူ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၁၆)ဦး၊ စုစုပေါင်း(၂၆)ဦး နှင့်Positive Centre များဖြစ်သည့် သီရိသာသနာ့ဗိမာန်တော်ဆွမ်းစားဆောင်တွင် အမျိုးသား(၁)ဦး၊ မြင်စိုင်း ခန်းမတွင်  အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၄)ဦးအား အသွားအလာ ကန့်သတ် စောင့်ကြည့်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်းသိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)