သီပေါ ဩဂုတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်သားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရန် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်းနေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ သိရှိလိုသည်များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ရာတွင် အဆင်မပြေမှုများ ရှိပါကသီပေါမြို့နယ်၏ Call Centre (၀၈၂၂၉၈၀၀၃ ၊ ၀၉၄၂၇၃၀၆၅၅၃)သို့ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခင်လေး(ပြန်/ဆက်)


