စစ်ကိုင်း- ဩဂုတ် ၂၃
စစ်ကိုင်းမြို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဩဂုတ်- (၂၃)ရက်၊ နံနက်(၉)နာရီခွဲက စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနရုံးအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရ သည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က မိမိတို့မီးသတ်ဦးစီးဌာနများ အနေဖြင့် ပြည်သူများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးနေရတဲ့ ဌာနဖြစ် တာနဲ့အညီ တက်ရောက်လာကြတဲ့ တပ်ဖွဲ့ဝင်များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး စက်ကိရိယာ ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတက်မှသာ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့်ယခုလို တပ်ဖွဲ့ဝင်များအား ကြိုတင်ဇာတ်တိုက်လေ့ကျင့် သင်ကြားပေးရခြင်းဖြစ်ရာ တပ်ဖွဲ့ဝင်များကလည်း စိတ်ဓာတ်ကောင်းမွန်စွာဖြင့် သင်ယူသွားကြစေလို ကြောင်း၊ သဘာဝဘေးဆိုတာ ကြိုတင်သိရှိရခြင်းမရှိသည့်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် အစဉ်အမြဲ အရန်အနေအထားဖြင့် နေထိုင်သွားကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားကာ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။
ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်/ မြို့နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့မှ တပ်ဖွဲ့ဝင်ပေါင်း (၇၀)တို့ တက်ရောက်လေ့ကျင့်ခဲ့ကြပြီး သန္ဓေတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြား ပြသပေးခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်( ပြန်/ဆက် )


