mdn

သီပေါ ဩဂုတ် ၂၃
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတ အသင်းဦးဆောင်၍  စေတနာရှင်အလှူရှင်ပြည်သူများစုပေါင်းလှူဒါန်းသည့် အခြေခံ စားသောက်ကုန် ပစ္စည်း(၈)မျိုးအား ကိုဗစ်-၁၉ ကာလ အခက်အခဲရှိသော မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
    
ထိုသို့လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ အားလူး၊ ကြက်သွန်နီ၊ ကြက်ဥ ၊ ခရမ်းချဉ်သီး စသည့်အခြေခံ စားသောက်ကုန်(၈)မျိုးကို ရပ်ကွက်များအလိုက် သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
    
ယနေ့နံနက်ပိုင်းအထိ လှူဒါန်းပေးခဲ့ရာတွင် မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း (၁၂၀၀) ခန့်ကိုလှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ဆက်လက်၍ ကျန်ရှိနေသော မြို့နယ်အတွင်းကျေးရွာများရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား လှူဒါန်းပေး သွားမည် ဖြစ်ကြောင်း အဆိုပါအသင်းမှတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ခင်လေး(ပြန်/ဆက်)