mdn

ဒေးဒရဲ  ဩဂုတ် ၂၃
    
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်, ဒေးဒရဲမြို့နယ်အားကစားခန်းမအား Facility Quarantine Center အဖြစ်ထားရှိရန် ယနေ့နံနက် ၁၀နာရီက တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
    
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်မီးသတ်ဦးစီးမှူးဦးဟန်ဝင်းစိုးနှင့်ဝန်ထမ်းများ၊မြို့နယ်လူသားချင်းစာနမှုအကူအညီပေးရေးအဖွဲ့တို့က ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ထားရှိနိုင်ရန်အတွက် မြို့နယ်အားကစားခန်းမအား FacilityQuarantine Center အဖြစ်အသုံးပြုရန်ပိုးသတ်ဆေးဖျန်းခြင်းနှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အေဇာလင်း/ပြန်ဆက်