မြင်းမူ ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ၊မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီအတွင်း ဝါမျိုးစုံဧက(၁၉၅၂၀) စိုက်ပျိုးရန်လျှာထားဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
ဝါအမျိုးအစားများအနေဖြင့်ရွှေတောင်(၈)၊ရွှေတောင်(၁၀)၊ငွေခြည်(၉)၊ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုးများကို စိုက်ပျိုးကြရာ အဓိကအားဖြင့်ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်း မွန်သည့် ရွှေတောင်(၈)မျိုးကို အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ(၁)ဧကလျှင် ဝါပိသာချိန်(၆၀၀)ခန့်နှင့် ဖြည့်စွက်ရေထပ်ပေးပြီးစိုက်ပျိုးနိုင်ပါက ဝါပိသာချိန်(၈၀၀)ခန့်ထွက်ရှိနိုင်ကာ စက်တင်ဘာလနှင့်အောက်တိုဘာလများတွင် စတင်ကောက်ယူကြကြောင်းသိရသည်။
ယခုအခါ မြင်းမူမြို့နယ်အနေဖြင့် ဝါဧက(၉၂၈၁)စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် လက်ရှိဝါဝယ်ယူဈေးမှာ တစ်ပိသာလျှင် ငွေကျပ် (၁၄၀၀) ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)


