mdn

မိတ္ထီလာ ဩဂုတ် ၂၃

         

 မိတ္ထီလာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းအား ယနေ့ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ထီးသုံးဆင့်ဘုရားဝန်းရှိ အောင်မင်္ဂလာခန်းမ၌ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးကြောင်းသိရသည်။

         

 “မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းတွေကို ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံ ပေးတာဖြစ်ပါတယ်။ မြို့နယ်အတွင်း အသက် ၆၅ နှစ်နှင့်အထက်ရှိသူတွေနည်းတူ ကာကွယ်ဆေးထိုးဖို့ကျန် ရှိတဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းတွေကို ကိုဗစ်၁၉ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေးတာဖြစ်ပါ တယ်။ အောင်မင်္ဂလာခန်းမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း ၁၂၂ ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးတာပါ”ဟု မြို့နယ်ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှတာဝန်ရှိ သူတစ်ဦးက ပြောသည်။

        

အလားတူ  အောင်ဆန်းရပ်ကွက်ရှိ အထက ၄ ကာကွယ်ဆေးထိုးစုရပ်တွင် မိတ္ထီလာတက္ကသိုလ် ၊ စက်မှုလယ်ယာသင်တန်းကျောင်း၊ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ကုန်လမ်းပို့ဆောင်ရေး၊အကျဉ်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန(ထိန်းသိမ်းရေး) ၊ ပညာရေးကောလိပ်တို့မှ ဝန်ထမ်းစုစုပေါင်း ၂၆၆ ဦးကိုလည်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်၁၉ ကာကွယ်ဆေးများထိုးနှံပေးကြောင်းသိရသည်။၎င်းအပြင် မြို့နယ်အတွင်းရှိကျေးရွာများမှ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးရာ မုန်တိုင်ကျေးရွာအုပ်စုအတွင်းမှ အသက် ၆၅နှစ်နှင့်အထက်ရှိသူ ၂ဝဝ အား ကိုဗစ်၁၉ ကာကွယ်ဆေးများထိုးနှံပေးကြောင်းသိရသည်။ 

 

ချမ်းသာ(မိတ္ထီလာ)