ကျောက်ဆည် ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ခရိုင်အတွင်း၌ မိုးရာသီချည်မျှင်ရှည်ဝါစိုက်ဧက (၅၈၇၀)ဧက စိုက်ပျိုးရန်လျာထားစိုက်ပျိုးခဲ့ရာ ဩဂုတ်(၂၃)ရက်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၅၃၄၀) စိုက်ပျိုး ပြီးစီးကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်ခရိုင်အတွင်းရှိ ဝါစိုက်တောင်သူများ ကုန်ကျစရိတ် လျော့နည်းပြီး အရည်အသွေး မြင့်မားကာ အထွက်နှုန်းကောင်းမွန် တိုးတက်စေရန်အတွက် ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ချည်မျှဉ်ရှည်ဝါမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာများသို့ ကွင်းဆင်း၍ နည်းပညာအကူအညီများပေးလျှက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင်အတွင်း၌ ကျောက်ဆည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါဧက(၂၈၇၀) ၊ စဉ့်ကိုင်မြို့နယ် တွင် ဧက(၁၃၀၀) ၊ မြစ်သားမြို့နယ်တွင် ဧက(၁၀၀၀)၊တံတားဦးမြို့နယ်တွင် ဧက(၇၀၀) စုစုပေါင်း ဧက(၅၈၇၀) စိုက်ပျိုးရန်လျားထားခဲ့ရာ ကျောက်ဆည်မြို့နယ်တွင် ဧက(၂၈၈၀) ၊ စဉ့်ကိုင်မြို့နယ်တွင် ဧက(၁၃၀၀) ၊ မြစ်သားမြို့နယ်တွင် ဧက(၁၀၀၀)၊ တံတားဦးမြို့နယ်တွင် ဧက(၁၆၀) ၊ စုစုပေါင်း ဧက(၅၃၄၀) စိုက်ပျိုးပြီး ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောပြ၍သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


