ဝန်းသို ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကျေးလက်အခြေခံအဆောက် အဦများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာလူထုအခြေပြုစနစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း ( VDP)ရန်ပုံငွေကျပ်သိန်းပေါင်း ၂၅၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၁၂ဒသမ ၉သိန်းဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်း ၂၇ ခုကို ကျေးရွာပေါင်း ၂၅ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
အဆိုပါကျေးရွာ ၂၅ရွာတွင် လမ်းလုပ်ငန်း(၁၈)ခု၊ တံတားတစ်စင်း၊ ရေရရှိရေးလုပ်ငန်းနှစ်ခု၊ ပညာရေးအတွက်လုပ်ငန်းနှစ်ခု၊ မီးလင်းရေးလုပ်ငန်းနှစ်ခု၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းနှစ်ခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၂၇ ခုကို ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၁၈ရွာတို့မှ စီမံကိန်းလုပ်ငန်းများမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန်ကျေးရွာ ၇ ရွာတို့မှ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန် အတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင်မြင်နိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး၍ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင်


