mdn

 

သီပေါ   ဩဂုတ်  ၂၃
    
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များသက်တမ်းတိုး/ စိစစ်ရောင်းချခြင်းနှင့် သားသတ် လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်ထုတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။
    
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်က သားသတ်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်လျှောက်ထားသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ စည်ပင်သာရေးဌာနအမှုဆောင်အရာရှိက  ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး သီပေါမြို့နယ်အတွင်းရှိဈေးများနှင့်နမ့်လန်ကျေးရွာအုပ်စုအတွင်းရှိဈေးများမှအသားထုတ်လုပ် ရောင်းချခွင့်လက်မှတ်လျှောက်ထားသူများအား တာဝန်ရှိသူများက အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ် များ ပေးအပ်ခဲ့ကြောင်းမြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။

ခင်လေး(ပြန်/ဆက်)