ညောင်ဦး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ဩဂုတ်၂၃ ရက်၊နေ့လည် ၁၂နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် ၂၀၁၃ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာ သို့ရောက်ရှိရန် ၈ စင်တီမီတာ လိုတော့ကြောင်းညောင်ဦးမြို့မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆နာရီတိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၀၀၉ စင်တီမီတာနှင့် ယနေ့ မွန်းတည့် ၁၂နာရီ တိုင်းထွာချက်အရ ၂၀၁၃ စင်တီမီတာသို့ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့ တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာသို့ရောက်ရှိရန် ၈ စင်တီမီတာ လိုသေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ညောင်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေ၊ မြစ်ရေကျမှု အခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးနေကြောင်း ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံက သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


