mdn

 

ဝါးခယ်မ  ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု ၊ ဟင်္သာဒုံးကျေးရွာ တွင် ဩဂုတ် ၂၃ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ က  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာတွင်ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အရှည်ပေ (၁၈၀) ၊ အကျယ် ပေ (၄၀)ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါး အနီးတွင် နေထိုင်သောလူနေအိမ် (၆)လုံးနှင့်မိသားစုဝင်များအား ရွှေလောင်းနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ ၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသားများက  ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရသည်။

ဟင်္သာဒုံးကျေးရွာအုပ်စုတွင် ဟင်္သာဒုံး၊ ကံစု၊ ငှက်စု၊ ကုလားကျွန်း၊ ကူးတို့ဆိပ်သောင်၊ ကုလား ကျွန်းသောင်၊ အရှေ့သောင်တန်း စသည့်ကျေးရွာ(၇)ရွာရှိကြောင်း၊ ကျေးရွာ အုပ်စုအတွင်း အိမ်ခြေ (၁၂၃၄)လုံး၊ အိမ်ထောင်စု (၁၂၄၉)စု၊ လူဦးရေ ကျား(၂၅၃၄)ဦး၊ မ(၂၆၆၁)ဦး၊ ပေါင်း(၅၁၉၅)ဦး နေထိုင်ပြီး ဟင်္သာဒုံးရွာမကျေးရွာတွင် အိမ်ခြေ (၁၈၈)လုံး၊ အိမ်ထောင်စု(၁၉၀)၊ လူဦးရေ ကျား (၃၇၅)ဦး၊ မ(၃၉၀) ဦး၊ ပေါင်း(၇၆၅)ဦးနေထိုင်ကြောင်းနှင့် ၎င်းကျေးရွာ အုပ်စုသည် ဧရာ ဝတီမြစ်ကမ်းပါးအနီး တွင်တည်ရှိ သောကြောင့် အလားတူမြစ်ကမ်း ပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရရပါသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)