mdn

မိုင်းလုံ ဩဂုတ်၂၃
      
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး အတွက် ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
      
သို့ပါ၍ မိုင်းလုံမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အိမ်‌ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများ ပြုလုပ်ရာတွင် အလွယ်တကူသိရှိ နိုင်ပါရန်နှင့် စုံစမ်း‌မေးမြန်း နိုင်ပါရန်  Call  Center (၀၉-၄၇၃၀၈၆၇၉)သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း မိုင်းလုံမြို့  လူဝင်မှု  ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့ဦးစီးမှူးထံမှ သိရသည်။
                                                                                                                    
(မြို့နယ်ပြန်/ဆက်)