ပင်လောင်း ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၈နာရီမှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော် အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၂နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သြဂုတ်၂၇ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုလိုက် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ပြီးပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင် လစာ ထုတ်ယူမည့်သူ စုစုပေါင်း(၆၂၀) ရှိကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)


