နမ္မတူ ဩဂုတ် ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇူလိုင်လ (၂၉) ရက်မှ စတင်ကာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မည်သူမဆို ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာရှိပါက RCR နည်းဖြင့် ကိုဗစ်ပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာတစ်စုံတစ်ရာရှိပါက ပန်ဟိုက်ရပ်ကွက် မြို့တော်ခန်းမတွင် နံနက် နံနက် (၇)နာရီမှ (၉)နာရီအထိလည်းကောင်း၊ နမ္မတူရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် နံနက်(၉)နာရီမှ (၁၁)နာရီအထိလည်းကောင်း အပတ်စဉ် တနင်္ဂနွနေ့တိုင်း RCR နည်းဖြင့် ကိုဗစ်ပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လူမော် (ပြန်/ဆက်)


