mdn

မြောက်ဦး  ဩဂုတ်  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ တွင်ဖွင့်လှစ်ထားသော ယာယီတိုက်ပွဲရှောင် စခန်းများရှိ ကျေးရွာအသီသီးမှ လာရောက်ခိုလှုံနေ ကြသော တိုက်ပွဲရှောင်စခန်းများသို့သွားရောက်ပြီး ယနေ့ နံနက် ၈ နာရီက မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များမှ တိုက်ပွဲရှောင်စခန်းများသို့သွားရောက်ကာ မိုင်းအန္တရာယ် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါ  မိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းကို နရတ်စား ဘုရားသိမ်၊ ကိုးနဝင်းဘုရား သိမ်၊ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း အောင်စေတီစသော မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများနှင့် တိန်ညိုရွာသစ် ဘုန်းတော်ကြီးကျောင်း၊ စင်းဘော ကိုင်းကျေးရွာနှင့် တင်းထိန်ကန်ကျေးရွာများရှိ ယာယီခိုလှုံရာတိုက်ပွဲရှောင်စခန်းများရှိ ပြည်သူ များအား မြို့နယ်ကြက်ခြေနီအသင်းခဲံမှ ကြက်ခြေနီတပ်ခွဲမှူး ဒေါ်သူဇာဌေး ဦးဆောင်သောတပ်ဖွဲ့ ဝင်များက  တိုက်ပွဲရှောင်စခန်းများအတွင်းနေထိုင်ကြသူများအနေဖြင့် အနီးအနားပတ်ဝန်းကျင် များတွင် မြေမြှပ်မိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိုင်းအန္တရာယ်နှင့်ပတ်သက်သော သိ သင့်သိထိုက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မိုင်းအန္တရာယ်အသိပေး အမှတ်အသားများ၊ ပေါက်ကွဲစေတတ်သော မိုင်းများအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက် များအား အဆိုပါတိုက်ပွဲရှောင်စခန်းများရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မိုင်းအန္တ ရာယ်အသိပညာပေးခြင်းများ ဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)