မင်းပြား ဩဂုတ် ၂၄

 

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ ယခုလက်ရှိ ဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကြောင့် ခေတ္တရပ်နားထားရသည့် ရွှေပြည်တန်အမြန်ရေယာဉ်သည် ဩဂုတ် ၂၄ ရက်မှ စတင်ပြီး မင်းပြား- စစ်တွေ၊ စစ်တွေမင်းပြားသို့ နေ့စဉ်ပုံမှန် ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

မင်းပြားမြို့နယ်၏ အဓိက ရေလမ်းခရီးသွား ပြည်သူများ၏ အားထားရာဖြစ်သည့် ရွှေပြည် တန်အမြန်ယာဉ် ပြေးဆွဲမှုကိုကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တ ယာယီရပ်နားခဲ့ရာမှ ယခုအခါ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုလျော့ကျလာသဖြင့် ဩဂုတ် ၂၄ရက် နံနက် ၆ နာရီတစ်ကြိမ်နှင့် နံနက် ၁၁ နာရီတစ်ကြိမ်ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းနုအောင်(ပြန်/ဆက်)