ကလော  ဩဂုတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခြင်းကို ဩဂုတ် ၂၃ ရက် နံနက် ၁၁ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ အသိပညာပေးရေး လုပ်ငန်းဆောင်ရွက်ရာတွင် ယခုအချိန်ခါတွင် ကလောမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ နေစဉ်နှင့်အမျှ များပြားနေမှုနှင့် သေဆုံးမှုများရှိနေသည့်အတွက် ကလောမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း  (Mask) များကိုစနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာ နေထိုင်ကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း မပြုရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊  နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် ဆေးကြောရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျ စွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း အဝတ်အစား မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများ၊    ဆီးချို၊ သွေးတိုးရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် ဆောင်ရွက်ရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ လာရောက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ပြည်သူများသို့ ညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကလော(မြို့နယ် ပြန်/ဆက်)