နတ်မောက်   ဩဂုတ်  ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနှမ်း မျိုးစေ့ထုတ် စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းများကို  ဩဂုတ် ၂၃ ရက်နေ့က သွားရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးနှမ်းစိုက်ဧက (၁၅)ဧကရှိပြီး ဆင်းရတနာ  (၁၄)မျိုးသန့်ပွားများ ထုတ်လုပ်နိုင်ရန်အတွက် မျိုးကွဲပယ်ခြင်း လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခြင်း၊ နှမ်းမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များအား ဒေသနှင့် ကိုက်ညီမှုရှိ /မရှိ မှတ်တမ်း ကောက်ယူခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှု နယ်မြေကွင်းဆင်းပြီး ကြီးကြပ်ဆောင်ခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ် (နတ်မောက်)