ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ နှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တပ်စုကို မြို့နယ် မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့ထားရှိကြောင်း ဩဂုတ် ၂၄ ရက်နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ခေတ်မီကယ်ဆယ်ရေး စက်ပစ္စည်းများဖြင့် အပတ်စဉ် လေ့ကျင့်ဆောင် ရွက်လျက်ရှိသည့်အပြင် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် အခြားသော လူမှုကူညီရေးလုပ်ငန်းများတွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးနှင့် အခြားသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၁၊ ၀၁- ၂၆၈၂၃၃ သို့ ၂၄ နာရီ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။
ဝေယံ(IPRD)


