ညောင်တုန်း ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ် ၂၃ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၄အုပ်စုမှ ဘိုးဘွားဦးရေ ၅၀၀ အတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း (၁၅၀၀၀၀၀ဝိ/-)(ကျပ်သိန်းတစ်ရာ့ငါးဆယ်တိတိ)ကို တာဝန်ရှိသူများက ဘိုးဘွားများကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)