ညောင်တုန်း ဩဂုတ်  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဆန်စက်အလုပ်သမားများအား ဩဂုတ် ၂၄ရက် နံနက် ၉နာရီမှ စတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုနှံခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်သား အမျိုးသား(၅၀၁)ဦးနှင့် အမျိုးသမီး(၁၅၅)ဦး စုစုပေါင်း (၆၅၆)ဦးအား ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်၍ ဩဂုတ် ၂၄ရက်မှ ၂၅ရက်ထိ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှု ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)