တောင်ကြီး သြဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၀၈၁ အောက်စီဂျင်စက်ရုံစတင်လည်ပတ်နေမှုအား တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ဖာမွန်းကျေးရွာ၊ ရေဖြူရွာ၊ လွိုင်ခမ်း ၀၈၁ အောက်စီဂျင်စက်ရုံ လည်ပတ်နေမှုကို ဩဂုတ် ၂၄ ရက် နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရှမ်းပြည်နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုပြည်နယ်မှူး တို့အား တာဝန်ခံ အဖွဲ့ခေါင်းဆောင် ဒေါ်နန်းမိုမိုသီတာ က ၀၈၁ အောက်စီဂျင်စက်ရုံတည်နေရာ နှင့် စက်ရုံစတင်လည်ပတ်မှုအား(၁)ရက်လျှင် အောက်စီဂျင်အိုး (၈၀)ခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ 40L နှင့် 20L အိုးများသာ ဖြည့်သွင်းမည်ဖြစ်ပြီး (၁)အိုးလျှင် အောက်စီဂျင် O2 ဖြည့်သွင်းခ ၈၀၀ဝိ/- ကောက်ခံသွားမည်ဖြစ်ကာ အောက်စီဂျင်အိုးမရှိသူများအနေဖြင့် အောက်စီဂျင် အိုးပေါင် အဖြစ် ၆၀၀၀ဝိ/- ပေးဆောင်၍ (၃)ရက်ခန့် ငှားရမ်းသွားမည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့ပေါ်တွင် စဝ်စံထွန်း အောက်စီဂျင်စက်ရုံ၊ လွိုင်ခမ်း ၀၈၁ အောက်စီဂျင် စက်ရုံ၊ ရှမ်းကွင်း အောက်စီဂျင်စက်ရုံများမှ အောက်စီဂျင်များကို လုံလုံလောက်လောက်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ပြည်သူများအခက်အခဲ ဖြစ်နေသော အောက်စီဂျင်များကို အချိန်မီရရှိနိုင်ရေးအတွက် ဖြည့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
စိုင်းသန်းကျော်(တောင်ကြီး)


