ထန်ပါခွေ သြဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မိုးစပါး(လယ်) ၁၇၈-ဧက စိုက်ပျိုးပြီးဖြစ်ရာ သြဂုတ် ၂၅ ရက်က ပိုးမွှားကင်းထောက်မှတ်တမ်း ယူခြင်းအားဖြင့် ပိုးမွှား ကျရောက်မှု သိရှိစေရန်၊ ဖျက်အားပြင်း ပိုးမွှားများ(ငမြှောင်တောင်၊ "ဖော"ငမြှောင်တောင်) များ ကျရောက်လာပါက သက်ဆိုင်ရာ ရပ်၊ကျေး အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ ပိုးမွှား များအား အချိန်မီရှင်းလင်းသုတ်သင်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဖျက်အားပြင်း ပိုးမွှား ကျရောက်မှု ရှိ၊ မရှိ ကင်းထောက်မှတ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝေမင်းဦးနှင့် အကျိုးဆောင်တောင်သူများက ထန်ပါခွေ၊ လန်းနောက် ကျေးရွာနှင့် တာမောင်ကျေးရွာများရှိ လယ်စပါးစိုက်ခင်းများတွင် ဖျက်အားပြင်း ပိုးမွှားကျရောက်မှု ရှိ၊ မရှိ ကင်းထောက်မှတ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)


