မောင်တော  ဩဂုတ်  ၂

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသော ဆီ၊ ပဲ၊ ကြက်သွန်၊ ကြက်ဥများ ဆက် ကပ် လှူဒါန်းခြင်းကို မြို့မပရဟိတကျောင်း လောကမာရဇိန် သမုတ်သိမ်တော်ကြီးအတွင်း ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် သင်္ကန်းပရိက္ခရာအစုံ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ကြက်ဥနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး အောင်မြေဗောဓိသာသနာ့ရိပ်သာ(အလိုတော်ပြည့်)ကျောင်း ဆရာတော် ဘဒ္ဒန္တမဏိသာရထံမှ အနုမောဒနာတရား နာကြားခဲ့သည်။

 

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကြောင်း ဝါတွင်းကာလအတွင်း  မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၉၀ ရှိ  ရဟန်း၊ သာမဏေ စုစုပေါင်း ၁၉၆ ပါး အတွက် ဆွမ်းဆန်တော် အိတ် ၅၀၊  ဆီ ၁၉၆  လီတာ၊ ပဲ ၉၈ ပိဿာ၊ ကြက်သွန်နီ ၁၉၆ ပိဿာ၊ ကြက်ဥ အလုံး ၁၉၆၀ (စုစုပေါင်းတန်ဖိုးငွေ ကျပ်  ၃၈ သိန်း)ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)