သထုံ ဩဂုတ် ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် သြဂုတ် ၂၅ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျိုက္ကော်ရပ်ကွက်၊ ရှင်ဥပဂုတ္တကန်တော်ရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကန်တော်အတွင်းရှိ နဂါးရုံဘုရားပြာသာဒ်ဆောင်မှာ အမိုးမြားတန်းများ ပျက်စီးပြီး သွပ် ၅၀ ချပ်ခန့် အမိုးလန်ခြင်းနှင့် ရပ်တော်မူဘုရား အဆောက်အအုံမှာ အမိုးပြာသာဒ်ပျက်စီးပြီး သွပ် ၃၀ ချပ်ခန့် အမိုးလန်ကာ မျက်နှာကြက်များ ပျက်စီးခြင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ပျက်စီးများမှုများကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်သတ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အနီးအနားနေ ပြည်သူများက ဝိုင်းဝန်းရှင်းလင်းကူညီပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


