နတ်မောက် သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ကျေးရွာအုပ်စု၊ လေးအိမ်ကျေးရွာတွင် ဩဂုတ် ၂၄ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်း၍ သုတေသန အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့် ကိုက်ညီသော ဝါမျိုးစေ့များကို တောင်သူများရွေးချယ် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူ ဦးနေဝင်း၏ စိုက်ခင်းတွင် ငွေခြည်(၉)၊ ငွေခြည် (၁၁)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) စသည့် မျိုး လေးမျိုး ယှဉ်ပြိုင်စိုက်ပျိုးခြင်း စမ်းသပ်ကွက်များအား တောင်သူအသိပညာပေး စိုက်ပျိုးထားရှိပြီး ပိုးမွှားရောဂါကျရောက်မှု ကင်းထောက်မှတ်တမ်းယူခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သင်းသင်းမြတ်


