ကျောက်တံခါး သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသောပြည်သူများအား ကိုဗစ်- ၁၉ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့ညနေပိုင်းက ဆန်တစ်ပြည် ငွေကျပ်(၁၀၀၀)နှုန်း၊ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်ဖြင့် စုစုပေါင်းဆန်အိတ် (၂၅)အိတ်အား မော်တော်ယာဥ်များဖြင့် ရပ်ကွက်/ ကျေးရွာအတွင်းသို့ လိုက်လံရောင်းချပေးခဲ့သည်။
ဆက်လက်၍ ကျောက်တံခါးမြို့နယ်အတွင်းမှ ဆင်းရဲနွမ်းပါးပြည်သူများအား ရပ်ကွက်/ ကျေးရွာများအရောက် နေ့စဥ်ဆက်လက်ရောင်းချပေးမည်ဖြစ်ပြီး စုစုပေါင်းရောင်းချပေးရန် ဆန်အိတ်(၅၀၀) စီစဥ်ဆောင်ရွက်ထားကြောင်း သိရသည်။
စန်းစန်း


