ရန်ကုန် ဩဂုတ် ၂၆

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်ရှိ သဒ္ဒါရုံ/မင်းနန္ဒာ အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သဒ္ဒါရုံလမ်းနှင့် သစ္စာလမ်း လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ အမှတ်(၁) မိတ္တဗလ မြစ်ထွက်ပေါက်မှတဆင့် ပုဇွန်တောင်ချောင်းအတွင်း စီးဝင်သော ဇောတာရုံလမ်း မြောင်းတစ်လျှောက် Excavator ယာဉ်ဖြင့် တူးဖော်ရှင်းလင်းနေမှု၊ သစ်ပင်ကြီးများ၏ အကိုင်းအခက်များ ပုံသွင်းခုတ်ထွင်နေမှု၊ မြက်ပင်များ ရှင်းလင်းနေမှု၊ ရပ်ကွက်အတွင်းလမ်းများ တစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း။

 

mdn

 

ဒေါပုံမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းနှင့် ကျောင်းရှေ့ရှိ မြက်ပင်နှင့် ခြုံနွယ်များ ဖယ်ရှားရှင်းလင်းနေမှု၊ မဟာဗန္ဓုလ တံတားအဆင်း လမ်းဘေးရေမြောင်းများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ဆယ်ယူနေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှထုတ်ဝေသည့် အသိပညာပေး ဗီနိုင်းပိုစတာများကို ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်