ကျောက်ဆည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် တောင်သူများက မိုးသီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နှံစားပြောင်း၊ ၊ ငရုပ်၊ နနွင်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး ကင်းကျေးရွာ၌ စိုက်ပျိုးထားရှိသော နေကြာများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

တောင်သူများအနေဖြင့် ဆီစားသုံးရန်အတွက် နေကြာစိုက်ပျိုးကြပြီး ပိုလျှံပါက ရောင်းချကြသည်။ နေကြာသက်တမ်းသည် သုံလသာကြာမြင့်၍ မြေအနေအထားအလိုက် တစ်ဧက အထွက်နှုန်းမှာ တင်း ၂၀ မှ ၃၄ တင်းအထိ ထွက်ရှိပြီး ဆီကြိတ်ရာတွင်လည်း နေကြာအစေ့ အောင်မြင်ဖြစ်ထွန်းမှုအပေါ် မူတည်ပြီး ဆီ လေးပိဿာမှ ခြောက်ပိဿာဝန်းကျင်အထိ ထွက်ရှိကြောင်းနှင့် ဆီကြိတ်၍ ထွက်ရှိလာသော နေကြာဖတ်များကိုလည်း ရေစိမ်ပြီး တိရစ္ဆာန်အစာနှင့် လယ်ယာမြေများတွင် မြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း နေကြာစိုက်တောင်သူ တစ်ဦးက ပြောပြ၍ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးသီးနှံ နေကြာစိုက်ဧက ၂၃၀၁ လျာထားခဲ့ရာ ၂၂၉၇  ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)