ညောင်ဦး ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်၂၇ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၀၇၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၄၉ စင်တီမီတာသာလိုတော့ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေအခြေအနေများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ နေ့စဉ်သတင်းထုတ်ပြန်ပေးနေကြောင်း၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြစ်ကမ်းဘေးနေပြည်သူများအား Speed Boat ဖြင့် လှည့်လည်၍ Hand Speaker ဖြင့် လိုက်လံဆော်ဩပေးနေကြောင်းလည်း ညောင်ဦးမြို့နယ် မီးသတ်ဦးဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)