မကွေး ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မကွေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ ရွေလျား Mobile ယာဉ်ဖြင့် RDT Test Kit စစ်ဆေးခြင်းများကို ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက မကွေးမြို့နယ် သပြေစမ်း ကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာအရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

မကွေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့သည် မကွေးမြို့နယ် သပြေစမ်းကျေးရွာရှိ ဒေသခံပြည်သူ ၁၆ ဦးအား ရွေလျား Mobile ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ရာ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။

မောင်ညီညာ(မကွေး)