နေပြည်တော်၊ ဩဂုတ် ၂၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာလမ်းတွင် ကျော်စိုးမိုး မောင်းနှင်ပြီး စောထွန်းထွန်းဝင်းနှင့် ဟန်သော်ထွန်း(ခ) ဝဲကြီး(ခ) အရှည်ကြီးတို့ လိုက်ပါလာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ဘားအံ-အိန္ဒုသွားကားလမ်း၊ အိန္ဒုကျေးရွာတိုးဂိတ်အနီးတွင် စောအောင်မင်းထွန်း မောင်းနှင်လာ သည့် ALPHARD အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၆ နာရီခွဲတွင် ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ၎င်း၏နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ည ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချို မြို့နယ်၊ ကျောက်မဲ-နောင်ချိုသွားကားလမ်း၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ထွန်းထွန်း မောင်းနှင်ပြီး လှမျိုးအောင် လိုက်ပါလာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀၊ ဆက်သွယ်ရေးစက် ၂ လုံးကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့နယ်၊ လားရှိုး-မန္တလေးသွားကားလမ်း၊ ကျောက်မဲတိုးဂိတ်အနီးတွင် မအေးယုမောင်းနှင်ပြီး မအေးတန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မအေးတန်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)