နေပြည်တော် ဩဂုတ် ၂၇

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၉၃ ဒသမ ၃၃၅ သန်းဖြင့် မိုင်းပန်မြို့ အထွက်မှ နောင်လုံရွာအထိ ကျောက်လမ်း ၂ မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း နှင့်  ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၄၅ ဒသမ ၀၀၂ သန်းဖြင့် ၅ မိုင် ကျောက်ဗြုန်း အမာခံလမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ လင်းခေးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

 

အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် မိုင်းပန်မြို့နယ်အတွင်းရှိ အိမ်ခြေ ၅၉၉ အိမ်၊ အိမ်ထောင်စု ၉၁၄ စု၊ လူဦးရေ ၃၂၃၃ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်လာပြီး ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပြောင်းလဲတိုးတက်ရန် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)