ဆင်ပေါင်ဝဲ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ရွေ့လျား Mobile ယာဉ်ဖြင့် ဩဂုတ် ၂၇ ရက် နံနက် ၈ နာရီခွဲက ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာအရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ မြို့နယ် ပြန်/ဆက် ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်ကျေးရွာရှိ ဒေသခံပြည်သူ (၆၄) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ပိုးတွေ့သူ (၉) ဦးရှိကြောင်းနှင့် အဆိုပါပိုးတွေ့သူများကို ဆင်ပေါင်ဝဲမြို့ မဟာစည်ဘုန်းတော်ကြီးကျောင်း Quarantine Centre တွင် သီးသန့်ထားရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးထံမှ သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသော ကျေးရွာများသို့ ရွေလျား Mobile ယာဉ်ဖြင့် RDT Test Kit စစ်ဆေးဆောင်ရွက်ခြင်းများအပြင် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)


