ရန်ကုန်၊ သြဂုတ် ၂

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ကျောက်တန်းမြို့နယ် မိုးစပါးစိုက်ခင်း၊ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ မြို့နယ်ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်၊ ပုဂ္ဂလိက ဂဏန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ၊ အောက်ဆီဂျင်စက်ရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာကန်ကျေးရွာရှိ တောင်သူဦးထိန်ဝင်း၏ မိုးစပါးအခြောက်ကြဲခင်း ဧက ၂၀ စံပြကွက်ကို ကြည့်ရူစစ်ဆေးပြီး ညောင်ဝိုင်းလေးကျေးရွာရှိ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ငါးမြစ်ချင်း ငါးအကောင်ရေ ၈ သိန်း ၈ သောင်းကို မှော်ဝန်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက် တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်ပြေနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးပေးနေမှုများနှင့် တစ်ရက်လျှင် ၄၀ လီတာဆလင်ဒါအိုး ၁၀၀ ကျော်ထွက်ရှိမှုနှင့် လက်ရှိ လူနာ ၅၀ ဦးကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ် SG CRABS WORLD Limited နှင့် MEF International Co.Ltd တို့၏ ဂဏန်းပျော့ မွေးမြူရေးကန်များ၊ အအေးခန်းစနစ်ဖြင့် ထုတ်ပိုးပြီး နိုင်ငံတကာ စျေးကွက်သို့ တင်ပို့ရောင်းချရန် ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ဂဏန်းပျော့ထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့် ကူညီပံ့ပိုးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို ပြောကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မိုးခိုင် ကုမ္ပဏီလီမိတက်၏ ပုစွန်မွေးမြူရေးကန် (၄) ကန်တွင် ပုစွန်အကောင်ရေ လေးသိန်း မွေးမြူထားရှိမှုများနှင့် ပုစွန်သားဖောက်ကန်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

mdn

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သန်လျင်-ကျောက်တန်းဒေသ သီလဝါ အထူးစီးပွားရေးဇုန် (Zone-B) ရှိ ထိုင်း - မြန်မာ ဖက်စပ်ကုမ္ပဏီဖြစ်သော YIG Oxygen စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ခံ ဦးခင်မောင်ညွန့်နှင့် တာဝန်ရှိသူများက သီလဝါတွင် Liquid Oxygen စက်ရုံတည်ဆောက်နေမှုများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က စက်ရုံရာနှုန်းပြည့် ပြီးစီးအောင် တည်ဆောက်ရေးအတွက် မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)

 

mdn