ကျိုက်မ​ရော ဩဂုတ် ၂၈

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ​အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် နာရီက ကျိုက်မ​ရောမြို့နယ်၊ နိတုံ​ကျေးရွာ မိုးစပါး ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအတွက် ပြန်လည်စိုက်ပျိုးမည့် တောင်သူများသို့ မျိုးစပါး ၁၄၈၀ တင်း ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တက်​ရောက်သည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် နှစ်စဉ်မိုးစပါးဧက ခြောက်သိန်း၊  ငါးသောင်းကျော်နှင့် ​နွေစပါးဧက လေးသောင်း​ကျော် စိုက်ပျိုးလျက်ရှိ​ကြောင်း၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု​ကြောင့် ပြည်နယ်တစ်ခုလုံး၏ မြို့နယ် မြို့နယ်မှာမိုးစပါး စိုက်ဧက ၄၂၄၃၇ ရေလွှမ်းမိုးခဲ့ပြီး ၉၈၂၅ ဧက ပျက်စီးဆုံးရှုံးခဲ့​ကြောင်း၊ ကျိုက်မ​ရောမြို့နယ်အ​နေဖြင့် ​ရေနစ်မြုပ်ကာလ ကြာမြင့်ခြင်း​ကြောင့် စပါးစိုက်ခင်းများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးများ ​ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ဧကပြည့်မီ​ရေး၊ အထွက်နှုန်း​ကောင်းမွန်​ရေး ကြိုးပမ်း​ဆောင်ရွက်​ကြရန် ပြောကြားပြီး  မျိုးစပါး တင်း​ ၁၄၈၀ ထောက်ပံ့ပေးအပ်သည်။ 

 

ဆက်လက်၍ စိုက်ပျိုး​ရေးဦးစီးဌာနမှ တာဝန်ရှိသူများကို မိုးစပါးအထွက်နှုန်း တိုးတက်​စေ​ရေးအတွက် သဘာဝ​မြေဩဇာနှင့် ဓါတ်မြေဩဇာကို​ပေါင်းစပ်ပြီး အချိုးကျအသုံးပြုနိုင်​ရေး၊ ပိုးမွှား​ရောဂါ ကာကွယ်နှိမ်နင်း​ရေး နည်းပညာ​ပေး လုပ်ငန်းများကို ထိရောက်စွာ ​ဆောင်ရွက်ကြရန် မှာကြားကာ တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ​ပေါင်းစပ်ညှိနှိုင်း​သည်။ 

 

မွန်ပြည်နယ်တွင် ဩဂုတ်လအထိ မိုးစပါး ၆၆၈၇၄၉ ဧက စိုက်ပျိုးပြီးစီးခဲ့၍ ၉၇ သမ ၁၆ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်​ကြောင်း၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်​ရေလျှံခြင်းတို့​ကြောင့် ကျိုက်မရောမြို့နယ်တွင် မိုးစပါး ၁၁၀၆၉ ဧက ရေလွှမ်းမိုးခဲ့ပြီး ၅၅၇၁ ဧက ပျက်စီးခဲ့၍ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများကို ​​ထောက်ပံ့ပေးအပ်ခြင်းဖြစ်​ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)