ဆိပ်ဖြူ ဩဂုတ် ၂၈

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်  ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီက ချင်တောင်ကျေးရွာ အခြေခံပညာ အလယ်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများအား M0BILE စနစ် RDT Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါကို အခမဲ့ စစ်ဆေးဆောင်ရွက်ပေးကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှု လျော့ကျစေရန်နှင့် ရောဂါလက္ခဏာ သံသယရှိပြည်သူများ စနစ်တကျ စစ်ဆေးမှုခံယူနိုင်ရန်၊ စနစ်တကျ ကုသမှုခံယူကာ ကိုဗစ်-၁၉ ရောဂါ အမြန်ကင်းစင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်အေး အတွင်းရေးမှူး ဦးအေးပိုင် ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်နှင့် ကျန်းမာရေး ဝန်ထမ်းများက RDT Test kit ဖြင့် စစ်ဆေးပေးရာ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများနှင့် အရေးပေါ် ဆေးကုသမှုခံယူမည့် လူနာစုစုပေါင်း (၁၇) ဦး လာရောက်စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိသူ () ဦးတွေ့ရှိကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမှုခံယူရန်  ချင်တောင်ကျေးရွာ အာယုဒါန လူမှုကူရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး M0BILE စနစ်ဖြင့် ကွင်းဆင်းကုသရေး လုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ချင်တောင်ကျေးရွာ အာယုဒါန လူမှုကူရေး အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

 

ကိုဇွဲ(အညာမြေ)