တွံတေး သြဂုတ် ၂၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် လက်ပံဂွကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများအား အလှူရှင်များမှ အခြေခံစားသောက်ကုန်များကို ဩဂုတ် ၂၈ ရက်က အိမ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် တွံတေးမြို့နယ်၊ စက်ဆန်းကျေးရွာမှ အလှူရှင် ဦးတင်ကိုလတ်+ဒေါ်ခင်ဝင်းရွှေ မိသားစုမှ သာစည်ကျေးရွာရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၀)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်၊ ၊ ကြက်သွန်နီ (၁)ပိသာ စုစုပေါင်း ငွေကျပ် ၆၀၀၀၀၀ ကျော်ဖိုးကို သွားရောက်ထောက်ပံ့ပေးခဲ့ပြီး နှာခေါင်းစည်း Mask များကိုလည်း ထပ်မံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန် /ဆက်)


