ပင်လောင်း ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂) ခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေး၀န်ထမ်းများက အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတ၊ ဘိုးဘွားရိပ်သာ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစု၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်း၊ အကျဉ်းသား/အချုပ်သား၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း၊ ဈေးသည်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်နေ့ထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့သည့် မိဘပြည်သူ ၆၀၇၄ ဦးတို့အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်၂၉ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)


