ကျောက်ဆည် ဩဂုတ် ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အာမခံထားရှိသော အလုပ်သမားမျာအား ယနေ့ နံနက် ၉ နာရီခွဲက စဉ့်ကိုင်မြို့ စက်သုံးဆီအရောင်းဆိုင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြန်ဆန်မှုရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအာမခံထားရှိသော နိုင်ငံပိုင်၊ သမဝါယမ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံများမှ တာဝန်ရှိသူများ ပူးပေါင်း၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ် လူမှုဖူလုံးရေးရုံးအနေဖြင့် အလုပ်သမားအာမခံထားရှိသော မှန်စက်ရုံ၊ အပ်ချုပ်စက်ရုံ၊ ကီးရှိုင်းအထည်ချုပ်စက်ရုံ၊ ကျားခေါင်းဘိလပ်မြေစက်ရုံ၊ အေသုံးလုံးဘိလပ်မြေစက်ရုံ၊ မြို့ကြီးရေအားလျှပ်စစ်ရုံး၊ မြတ်ကျွန်းသာ အသေးစားငွေချေးလုပ်ငန်း၊ အင်ရောင်းဆေးဝါးစက်ရုံ၊ အင်ကုန်းပင်မလျှပ်စစ်ဓာတ်အားခွဲရုံ၊ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ၊ မြန်မာလင်ကျန်းဘိနပ်စက်ရုံ၊ အီးအေဘီစီ ပဲနို့အချိုရည်စက်ရုံနှင့် စက်သုံးဆီအရောင်းဆိုင်များတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ၆၂၆ဦး  ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)