မုဒုံ သြဂုတ် ၂၉
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် အခြားအရေးပေါ်လူနာများ အောက်ဆီဂျင် ပြတ်လပ်မှုမရှိရေး အဆင်ပြေစွာဆေးကုသခံယူနိုင်ရန်အတွက် မုဒုံမြို့နယ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ မှ အောက်ဆီဂျင်အရည်များ အခမဲ့ဖြည့်သွင်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အောက်ဆီဂျင်အရည်များ ဖြည့်သွင်းပေးရာတွင် မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ရန်ကုန်၊ ရေး၊ မော်လမြိုင်၊ ထားဝယ်မြို့နယ်များသို့ အောက်ဆီဂျင်များ သွားရောက်သယ်ဆောင်ကာ မြို့နယ်အတွင်း လိုအပ်လျက်ရှိသော အောက်ဆီဂျင်များကို မုဒုံမြို့နယ်အပြင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျွန်းရွာ၊ တောင်ကလေး၊ တံခွန်တိုင် စသည့်ကျေးရွာများကိုပါ အောက်ဆီဂျင်အိုးသေး နေ့စဉ် အလုံး(၆၀)ခန့် စုစုပေါင်း အိုးအလုံရေ (၁၄၀၀)ကျော်ကို အခမဲ့ဖြည့်သွင်းပေးခဲ့ကြောင်း မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ထို့ပြင် မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အောက်ဆီဂျင်အရည်များကို နေ့စဉ်အခမဲ့ ဖြည့်သွင်း ပေးလျက်ရှိပြီး မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်မှု မရှိစေရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


