နေပြည်တော် ၊ ဩဂုတ် ၂၉

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ်ထိုးနှံပေးပြီးသူများအား ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းမှစတင်ကာ စတင်ထိုးနှံလျက်ရှိကြောင်း သိရသည်။                        

 

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ ခုတင်(၃၀၀)မှ သူနာပြုစစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာလ ၇ ရက်နေ့အထိ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စုရပ်ပြုလုပ် ၍ ဆေးအလုံးရေ စုစုပေါင်း (၂၈၆၈) လုံး ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်၏ ပြောပြချက်အရ သိရသည်။         

မြို့နယ်(ပြန်/ဆက်)