မြိတ်   ဩဂုတ်   ၂၉

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို  နေ့စဉ် ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးဝန်ထမ်း (၁၆၀)ဦးအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ယနေ့ မွန်းလွဲပိုင်းက  လုပ်ငန်းရှင်တစ်ဦးမှ ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးများ လာရောက်လှူဒါန်းပေးခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည့်စိုး က ကြိုဆိုဝမ်းမြောက် စကားပြောကြားပြီး အလှူရှင် ကုန်စိမ်းဒိုင်လုပ်ငန်းရှင် ဦးအောင်သိန်းကျော် က ကာလဒါနအဖြစ် ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးများ လှူဒါန်းခြင်းသည် စည်ပင်သာယာရေးဝန်ထမ်းများ နေ့စဉ်လုပ်ငန်း ဆောင်ရွက်နေသည့်အချိန်တွင် မီးဖိုချောင်သုံး စားသောက်ကုန်ကို တနိုင်တပိုင် အားဖြည့်ပေးသည့်သဘောဖြင့် လာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းတစ်ဦးလျှင် ဂေါ်ဖီ(၁)ထုပ်၊ ခရမ်းချဉ်သီး (၁)ပိဿာနှင့် ငရုတ်သီ(၁)ထုပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)