ဇီးကုန်းမြို့နယ်၌ ဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ဇီးကုန်း သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်၍ အမှတ် (၄) ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခု ထိုးနှံပေးလျက်ရှိသောကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိကြောင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် သာပေါင်းကျေးရွာအုပ်စု၊ လယ်မကျေးရွာအုပ်စု၊ ဝက်စာပိုးကျေးရွာအုပ်စု၊ နွားတဲကုန်းကျေးရွာအုပ်စု၊ မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ဌာနဆိုင်ရာဝန်ထမ်းအပါအဝင် စုစုပေါင်း ၄၀၀ အား ဆေးထိုးနေရာလေးခုခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ခေတ္တဉက္ကဌ ဗိုလ်မှူး အာကာဖြိုး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မိုးနှင့် မြို့နယ်စီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း ပြီး ကျန်ကျေးရွာအုပ်စုများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
တင့်ဆွေ(ပြန်ဆက်)


